30.5 C
Yangon

ရေတာရှည်မြို့မ ရဲစခန်းကို ၄၀ မမ ဗုံးသီး ၁၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး ရဲစခန်းဘေးရှိ ကြံ့ဖွတ်ပါတီရုံးပါ ထိခိုက် ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့မ ရဲစခန်းကို ၄၀ မမ ဗုံးသီး ၁၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး ရဲစခန်းဘေးရှိ ကြံ့ဖွတ်ပါတီရုံးပါ ထိခိုက် ပျက်စီးခဲ့ကြောင်း Black leopard UG (ကျားသစ်နက်မြို့ပြပြောက်ကျား) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် ရေတာရှည်မြို့မ ရဲစခန်းကို Black leopard UG အဖွဲ့က ၇၉ ဗုံးပစ်လောင်ချာဖြင့် ၄၀ မမ ဗုံးသီး ၁၄ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ရဲစခန်းဝင်း အတွင်း ဗုံးသီး ၁၄ လုံးလုံး ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ဦး သေဆုံးခဲ့ခြင်းကြောင်း၊ ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထပ်မံ ရောက်ရှိလာပြီး ရဲစခန်းကို အမှောင်ချကာ နာရေးကား ၃ စီးဖြင့် အနောက်ဘက်မှနေ၍ စစ်သား မသာအလောင်းများကို သယ်ထုတ်သွားပြီး ရဲခန်းဘေးရှိ ကြံ့ဖွတ်ပါတီရုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းက ၃၀ ကျော်တယ်။ အဲနေရာကို သူတို့ အင်အား များများ တပ်စွဲထားတာ အဲမှာ ကြံ့ဖွတ်ရုံးကော ရွေးကော်ရုံးကို ရှိတာဆိုတော့ မဲစာရင်း ကိစ္စတွေကော လုပ်နေတာရှိတော့ အင်အား အပြည့်ချပြီး တပ်လာစွဲထားတာ ကျနော်တို့ ၄၀ မမ ဗုံးသီးတွေ ပစ်ခတ်နေချိန်မှာ သူတို့ သေနတ်တွေနဲ့ ပြန်ပစ်တာတွေရှိပါတယ်။ အဲလို တိုက်ခိုက်နေတုန်း ရဲစခန်းကို မီးပိတ်ချလိုက်တယ်။ တိုက်ခိုက်မှု ဖြစ်ပြီး သိပ်မကြာဘူး။ နာရေးကား ၃ စီးဝင်လိုက်ထွက်လိုက် နဲ့ ရှေ့ကဝင် နောက်ကထွက်နဲ့ အလောင်းတွေ သယ်ထုတ်သွားတယ်။ ကြံ့ဖွတ်ရုံးလည်း အတော်ပျက်စီးသွားတယ်။ အချုပ်ခန်းထဲ နှစ်လုံးကျတယ် မကွဲဘူး။ အဓိကတော့ ပြည်သူတွေ စစ်ခွေးတွေရဲ့ ထောက်တိုင်တွေနားမှာ မရှိဖို့ပေါ့။ စစ်ရေးအတွက် အရေးပါတဲ့ပစ်မှတ်တွေကို ဖော်ဆောင် တဲ့အခါ ပြည်သူများ ထိခိုက်မှုမရှိအောင် အထူးရှောင်ရှားကြပါလို့ မေတ္တာရပ်ခံပါတယ်” ဟု Black leopard UG (ကျားသစ်နက်မြို့ပြပြောက်ကျား) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီ၏ အရေးကြီးသော ထောက်တိုင်ပစ်မှတ် များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများ ထိခိုက်မှုမရှိရန် အထူးရှောင်ရှားကြရန် မေတ္တာရပ်ခံကြောင်း Black leopard UG (ကျားသစ်နက်မြို့ပြပြောက်ကျား) က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article