ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အတွင်းသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ် ကြောင်း ထိုး လာမှုကြောင့် နန်းမယ်ခုံတစ်မြို့နယ်လုံး စစ်ဘေးရှောင်နေရကြောင်း ကရင်နီတော် လှန်ရေး သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးလာမှုကြောင့် နန်းမယ်ခုံမြို့အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်မှ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး လွိုင်ကော်မြို့နှင့် နန့်မယ်ခုံမြို့အကြားတွင် စစ်ရေးတင်း မာနေကြောင်း သိရှိရသည်။
“နန်းမယ်ခုံမြို့ထဲက အကုန်လုံးနီးပါးမဟုတ်ဘူး။ အကုန်လုံးကို ရွေ့တာ၊ အခုက ဘုရားဖြူနဲ့ ဆိုတော့ နီးပြီးလေ၊ အဲဒါကြောင့် အကုန်လုံးကို ရွေ့တာ၊ တစ်ပတ်ဝန်းကျင်လောက်ရှိပြီ၊ အဲဒါကြောင့် နန်းမယ် ခုံနဲ့နီးလာတဲ့အချိန်မှာ အကုန်လုံး ရွှေ့ ခိုင်းတာ၊ ပြည်သူတွေက တောက်လျှောက်ရွှေ့နေပြီ။” ဟုကရင် နီတော် လှန်ရေး သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ဘေးရှောင်နေရသည့် နန်းမယ်ခုံမြို့သည် ကျေးရွာပေါင်း ၅၀ ခန့်ရှိပြီး ယခင်က ဒီးမော့ဆိုမြို့ နယ် အတွင်း၌ ပါဝင်ကာ လက်ရှိ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီလက်ထက်တွင် မြို့ နယ် အဖြစ်သတ်မှတ်ကာ အုပ် ချုပ်ရေးလည်ပတ်လျက်ရှိကြောင်း သိရသည်။
“ထွက်လာတာတော့ကြာပြီ၊ မိုးဗြဲကိုရပြီးတော့ မိုးဗြဲနဲ့လွိုင်ကော်ကြားက ကုန်းသာတို့ဘာတို့ ရပြီး တော့ နမ့်မယ်ခုံဘက်ကို ဦးတည်လာတာ။ နန်းမယ်ခုံမြို့နယ်က အရင်ကတော့ ဒီးမော့ဆိုမြို့နယ်ထဲ မှာပါတာပေါ့၊ အခု IEC လက် ထက်မှာ နမ်းမယ်ခုံမြို့နယ်ကို ပြန်ခွဲ လိုက်တာ၊ စစ်ဘေးရှောင်တာ တော့ နန်းမယ်ခုံမြို့ နယ်ပေါ့၊ လက်ရှိတော့ နမ့်မယ်ခုံနဲ့လွိုင်ကော်ကြားမှာတော့ စစ်ရေးတင်းမာနေ တာ။” ဟု ကရင်နီ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိစစ်ကောင်စီတပ်က နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကယားညေးခူရွာ၊ ဘုရားနီရွာတို့ဘက်ကို သိမ်းပိုက်ထားပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်ကောင်စီ၏ ဒရုန်း၊ လက်န နက်ကြီး တို့ကြောင့် ဆုတ်ခွာပေးနေရကြောင်း သိရသည်။
“လက်ရှိစခတွေက ဘုရားဖြူရဲ့ ရှေ့အထိ ရောက်နေပြီ၊ အဲဒီ မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိ သေး တယ်၊ ကယားညေးခူရွာရယ်၊ ဘုရားနီရယ်၊ ပုံပြာတို့ ဘက်မှာ ဝင်ထားပြီ။ သူတို့က လူအရင် မလာပဲနဲ့၊ ဒရုန်းရော၊ လက်နက်ကြီးရော တောက်လျှောက် လာပြီးမှ နောက်မှ လူလာတာ၊ စခတွေ ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေအလုံး ၁၀၀ လောက် ပစ်မှ ကျနော်တို့ဘက်က တစ်လုံး လောက်ပဲ ပြန်လုပ်နိုင်တယ်၊အဲဒါကြောင့် ကျနော်တို့ရဲဘော်တွေ လည်းမတောင့်ခံနိုင်ဘူး၊ အဲဒါ ကြောင့် ဆုတ်နေရတာ” ဟု ဟု ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။


