24.9 C
Yangon

ပခုက္ကူ၊ ကမ္မမြို့ ရေလည်ကျောင်းထဲတွင် ယာယီတပ်စွဲထားသော စစ်တပ်က ရိက္ခာထွက်ရှာလာစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရေလည်ကျောင်းထဲတွင် ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်သားများက ရိက္ခာထွက်ရှာစဉ် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ကမ္မမြို့ ရေလည်ကျောင်းထဲတွင် ယာယီ အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရိက္ခာပြတ်တောက်နေ၍ အင်အား ၃၀ ခန့်ဖြင့် ရိက္ခာထွက်ရှာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

“စစ်ခွေး သေစာရင်းကတော့ ထပ်တိုးသေတာ ရှိလားဆိုတာကို ဆက်လက်စုံစမ်းနေပါတယ်။ မျက်မြင်ကတော့၂ကောင်လဲကျသွားတယ်။ မနေ့ ညနေ၄နာရီလောက်မှာ တိုက်ပွဲဖြစ်တာပါ။ ကမ္မ စစ်တပ် စစ် ကြောင်း ဒီထက်အချိန်ကြာရင်တော့ အပြတ်အသတ်တိုက်ထုတ်မှာပါ”ဟု RED GIANT မှ ဒေါင်းနီက ပြောဆိုသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို RED GIANT အဖွဲ့၊ Pakokku People Defense Force (PPDF) ၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGF လူငယ်ပျောက်ကျားတပ်ဖွဲ့၊ PI PDF၊ အလင်းတန်းပျောက်ကျားတပ်ဖွဲ့ (မြိုင်) ၊ TWF နှင့် အညာမြေတပ်ပေါင်းစုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article