24.9 C
Yangon

ရေဖြူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို စွန့်ပစ်ထား

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခလရ ၂၈၂ တပ်ရင်း ဧရိယာ ဓာတ်ငွေ့ပိုက်လိုင်း အနီးတွင် အကြမ်း ဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို စွန့်ပစ်ထားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်ကို KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ထားဝယ်ခီး ကျေးရွာအုပ်စု အတွင်းရှိ ကလိန်အောင်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၈၂ တပ်ရင်း ဧရိယာအတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်း အနီးတွင် အမည်မသိ အမျိုးသား အလောင်းတစ်လောင်းကို ဒေသပြည်သူများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းတွေ့ရှိသည့် နေရာသည် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၈၂ တပ်ရင်း နောက်တန်း ဌာနချုပ်နှင့် မီတာ ၂၀၀၀ ခန့်သာဝေးပြီး စစ်တပ် တပ်ရင်းက တာဝန်ယူထားသည့် လုံခြုံရေးနေရာဖြစ်ကြောင်း၊ ထိုနေရာတွင် ဇူလိုင်လ ၂၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လှုပ်ရှားသွားလာမှု ရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ မသင်္ကာသည့် ရွာသား ၁ ဦးကို စစ်ဆေးပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့ခြင်းကြောင်း ဒေသပြည်သူများက ပြောဆိုပြီး ထိုသို့ သတ်ဖြတ်ခံရသော အမျိုး သား၏ အမည် နှင့်နေရပ် လိပ်စာများကို ဆက်လက် စုံစမ်းနေကာ စစ်ရေးတင်းမာမှု ဖြစ်ပွားသော အရပ် ဒေသတွင် နေထိုင်သော ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများကို အထူးသတိပြု သွားလာကြရန် KNU မြိတ်-ထားဝယ်ခရိုင်က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article