ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းငလျင်အတွက် နိုင်ငံတကာ၏ အရေးပေါ်ကယ်ဆယ်ရေးငွေများကို ပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် အသုံးမပြုဘဲ လက်နက်ဝယ်ယူခြင်း၊ ကျေးရွာများကို ဗုံးကြဲခြင်းနှင့် အာဏာတည်မြဲရေးအတွက် တရားမဝင် ရွေးကောက်ပွဲပြင်ဆင်ခြင်းများတွင် အလွဲသုံးစားပြုလုပ်နေခြင်းကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


