မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စဖဲရွာ ကျေးလက်ကျန်းမာရေးဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီတ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ ဆေးခန်း နှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင်မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ပေါက်မြို့နယ်၊ စဖဲကျေးရွာရှိ ကျေးလက်လက် ကျန်းမာရေး ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း ဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိ သူများအနက် ၄ ဦး စိုးရိမ်ရပြီး ဆေးခန်းနှင့်အနီးပတ်ဝန်းကျင်ရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။
“ဆေးခန်းကို ချသွားတာပါ၊ ဆေးခန်းကို ထိတယ်၊ ဘေးပတ်ဝန်းကျင်က အိမ်တွေ ပျက်စီးတယ်၊ သေဆုံး ထိခိုက်ဒဏ်ရာရတဲ့သူတွေက ပြည်သူတွေပါ၊ အဲဒီရွာကပဲဖြစ်မယ်။ ဆေးခန်းမှာက သားဖွား ဆရာမလောက်ပဲ ရှိတဲ့ဆေးခန်းပါ၊ ဆရာဝန်မရှိဘူး။ ဆေးခန်းသေးသေးလေးပါ။ လေးဦးက စိုးရိမ်ရ တယ်။ နောက်ဆက်တွဲအခြေအနေတော့ မသိရသေးဘူး” ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာ သတိထားကြရန်နှင့် မြေပြင်မှ စစ်ကောင်စီ စစ်ကြောင်းများနှင့် မတွေ့ဆုံမိစေရန် အထူးသတိသွားလာနေထိုင်ပေးကြပါရန် အညာ မြေ အရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင်က တိုက်တွန်းထားသည်။
ဓာတ်ပုံ – စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။


