26.3 C
Yangon

“စစ်တပ်က ၁၀၀ ရာခိုင်နှုန်းအာဏာလိုချင်လို့ အာဏာသိမ်းတာ သူတို့ကိုနိုင်အောင်မတိုက်နိုင်ဘဲနဲ့ ဒီစနစ်နဲ့ သွား ချင်တယ်ဟိုစနစ်နဲ့သွားချင်တယ် ဒီအချိန်မှာသွားပြောလို့ ဘာမှမဖြစ်လာဘူး။ ငြိမ်းချမ်းရေးစကား ဆိုတာ ပြောသင့်တယ် ဒါပေမယ့် ကိုယ်က ဘာမှမရှိဘဲနဲ့သွားပြောရင် သူတို့ပေးသလောက်ပဲယူပြီးရပ်သွားရင် ဒီမှာ အသက်သွေးတွေပေးပြီးတိုက်ထားတဲ့ ရဲဘော်တွေအတွက် တာဝန်မကျေဘူး”

Must read

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အထွေထွေအတွင်းရေးမှူးရဲဘော် နီနီကျော်နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

စစ်အာဏာသိမ်းပြီးနောက် လူထုနွေဦးတော်လှန်ရေးနဲ့အတူ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA ဟာ တကျော့ပြန် ပေါ်ပေါက်လာပါတယ်။PLAဟာ စစ်ကိုင်းဘက်မှာ နွေဦးတော်လှန်ရေးစတင်ကတည်းက လုပ်ရှားနေပေမယ့် တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ ကနေ ခွဲထွက်သွားခဲ့တဲ့ MNDAA ရဲ့ ၂၀၂၇ စစ်ဆင်ရေးတွေနဲ့အတူ ပြည်သူလူထုက ပြန်သတိထားမိလာတာပါ။

အခုတော့ စုဖွဲ့မှုအားကောင်းကောင်းနဲ့ အညာဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို ပစ်ချနိုင်ခဲ့တဲ့ အထိစစ်ဆင်ရေး အောင်မြင်မှုတွေ ရရှိလာနိုင်ခဲ့ပါတယ်။အဲဒီတော့ အသစ်စုဖွဲ့လိုက်တဲ့ PLAဆိုတာဘာလဲ။

သူတို့ရဲ့ မူဝါဒတွေက ဘယ်လိုရှိလဲဆိုတာ သိရအောင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အထွေထွေ အတွင်းရေးမှူးရဲဘော် နီနီကျော်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံ မေးမြန်းထားတာကို တင်ဆက်လိုက်ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article