ဒီကနေ့ ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာမှာ စစ်တပ်ဘက်က ၁၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်း တော်တော်များများကို သိမ်းဆည်းရရှိခဲ့သလို တိုက်ပွဲမှာပိတ်မိနေနတဲ့အကြမ်းဖက်စစ်တပ်မိသားစုဝင်တွေပါ ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတယ်လို့ စစ်ဆင်ရေးနယ်မြေ ၂ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ ရွှေလိပ်ပြာ ဟိုတယ်ကို အကြမ်းဖက် စစ်တပ်က မနေ့က ညနေပိုင်းမှာ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ထိုင်းနှင့်ကမ္ဘောဒီးယားစစ်ပွဲက မနေ့က တတိယနေ့ အဖြစ် ဆက်လက်ဖြစ်ပွားနေပြီး အငြင်းပွားနေတဲ့ နယ်စပ်မှာ တပ်စွဲထားတဲ့ ကမ္ဘောဒီးယား စစ်စခန်းကို ထိုင်းကသိမ်းယူလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
