24.8 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီ စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသော ထိုင်းနိုင်ငံသားနှင့် မြန်မာ နိုင်ငံသူ ၁ ဦးတို့ကို ဖမ်းဆီးရရှိပြီး မူးယစ်ဆေးပြား ၉,၉၉၉ ပြား ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၇

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီ စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသော ထိုင်းနိုင်ငံသားနှင့် မြန် မာနိုင်ငံသူ ၁ ဦးတို့ကို ဖမ်းဆီးရရှိပြီး မူးယစ်ဆေးပြား ၉,၉၉၉ ပြား ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော် ပြသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ည ၉ နာရီအချိန် ထိုင်းနိုင်ငံ၊ ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီစစ်ဆေးရေးဂိတ်တွင် အ သက် ၃၁ နှစ်အရွယ် ထိုင်းနိုင်ငံသား ယာဉ်မောင်း မောင်းနှင်လာသော ပစ်ကပ်ထရပ်ကားကို တားဆီး စစ်ဆေးခဲ့ကြောင်း၊ ယင်းကားပေါ်တွင် အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသူ ၁ ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးစဉ် ထိုင်းစစ်ဆေးရေးအဖွဲ့က မသင်္ကာ၍ ကားကို သေချာစွာ စိစစ်ရာတွင် ယာဉ်၏ တံခါးများမှာ ပုံမှန်မဟုတ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အသေးစိတ် စစ်ဆေးရာတွင် အဖြူရောင်နှင့် အပြာရောင် အထုပ်များ တွေ့ရှိရပြီး ယင်းအထုပ်များအတွင်း စိတ်ကြွဆေးပြား ၉၉၉၉ ပြားကို တွေ့ရှိရကြောင်း သိရှိရသည်။

ထို့နောက် ထိုင်းနိုင်ငံသားက မူးယစ်ဆေးဝါးများမှာ ၎င်း၏ချစ်သူ မြန်မာနိုင်ငံသူနှင့် မသက်ဆိုင်ကြောင်း၊ နေမကောင်း၍ ဆရာ ဝန် ထံပြရန်သာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ကမူ သက်သေခံပစ္စည်းများနှင့်အတူ ၂ ဦးစလုံးကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article