30.2 C
Yangon

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကမ္မမြို့ပေါ်ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အင်အားက ခန့်မှန်းခြေ ၃၀ လောက်ရှိမယ်။ စစ်ခွေး သေစာရင်းကတော့ ဆက်လက် စုံစမ်းနေပါတယ်။ အချိန်ကတော့ ညနေ၃ နာရီလောက်ပါ။ ကမ္မမြို့ပေါ်မှာ စစ်ခွေးတွေ ရှိနေသ၍ နည်မျိုးစုံးနဲ့ တိုက်ခိုက်မှာပါ” ဟု RED GIANT အဖွဲ့မှ ဒေါင်းနီက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို RED GIANT ၊ ABSDF အမှတ် (၃) စစ်ကြောင်း ၊ YGF လူငယ်ပျောက်ကျားတပ်ဖွဲ့ ၊ PI PDF ၊ အလင်းတန်းပျောက်ကျားတပ်ဖွဲ့ (မြိုင်) ၊ TWF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article