28 C
Yangon

လောင်းလုံး၊ ပန်းတင်းအင်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများက ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ နေအိမ်များကို မီးရှို့နေ

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

တနင်္ဿာရီတိုင်း၊ လောင်းလုံးမြို့နယ် ၊ ပန်းတင်းအင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများက ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ နေအိမ်များကို မီးရှို့နေကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မောင်းမကန်ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပန်းတင်းအင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် စစ်ကောင်စီ တပ်သားများက ပန်းတင်းအင်းရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

“ပန်းတင်းအင်းရွာထဲကို စစ်ခွေးတွေက စစ်ကြောင်းထိုးဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားတာ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်ခွေးစစ်ကြောင်းက ရွာထဲကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅ ဦးလောက်ကို လူသားဒိုင်းအဖြစ် ဖမ်းထားတယ်။ ကျေးရွာထဲက နေအိမ်တွေကိုလည်း အခုမီးရှို့နေပြီလို့ သိရတယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ သရက်ချောင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်း ၃ ကြောင်းဖြင့် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒေသပြည်သူ ၁၀ ဦးကျော်ကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article