မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တောင် တာဝါတိုင်စခန်းမှ တပ်ကြပ်ကြီး ၁ ဦးကို လက်နက်များနှင့် အတူ အရှင် ဖမ်းမိခဲ့ကြောင်း PRA – Magway Supporting Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၅ ရက်နေ့ နတ်ရေကန်တောင် တာဝါတိုင်စခန်း၌ တာဝန်ကျနေသော စစ်ကောင်စီ တပ်သား တပ်ကြပ်ကြီး ရွှေဦး ကို လက်နက်များနှင့် အတူ အရှင်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။
“သူက နတ်ရေကန်တောင်ပေါ် တာဝါတိုင်ကုန်းစခန်းမှာ တာဝန်ကျနေတာ အဲဒီ နေရာကနေ ထွက်ပြေးလာတဲ့အချိန်မှာ ကျွန်တော်တို့က ဖမ်းမိခဲ့တာပါ။ ဖမ်းမိတာတော့ ၅ လ ဝန်းကျင်လောက်တော့ ရှိပြီ သူ့ကိုတော့ အခုချိန်ထိ အချုပ်ထဲမှာပဲ ဆက်လက် ထိန်းသိမ်းထားပါတယ်” ဟု PRA – Magway Supporting Team မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါ တပ်ကြပ်ကြီးကို လက်ရှိချိန်ထိ အချုပ်ထောင် အတွင်း ဆက်လက် ဖမ်းဆီးထားပြီး ၎င်းကို ဖမ်းဆီးရမိစဉ်က MA-1 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး ထို တပ်ကြပ်ကြီးသည် ကပစ ၁၄ မှ ဖြစ်ကြောင်း သိရသည်။

