ဒီကနေ့ ဇူလိုင် ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုမှု ပါဝင်မှု မြင့်တက်စေဖို့ ပြုပြင်ပြောင်းလဲမှာဖြစ်ပြီး ကျစ်လျစ်တဲ့ အစိုးရအဖွဲ့ကို ကဏ္ဍကြီး ၆ ရပ်အပေါ် အခြေခံပြီး စုဖွဲ့ဖို့ ပြောင်းလဲဆောင်ရွက်နေပါတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
-မကွေးတိုင်း၊ ငဖဲမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ နတ်ရေကန်တောင် တာဝါတိုင်စခန်းကနေ တပ်ကြပ်ကြီး ရွှေဦး ကို လက်နက်နဲ့အတူ တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားပြန်တယ်လို့ PRA – Magway Supporting Team ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ပေါ်ကို မိုးသည်းထန်စွာ ရွာနေတဲ့အချိန်မှာပဲ အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့လာပြီး ဗုံးတွေကျဲသွားမှုကြောင့် အရပ်သား ပြည်သူ ၄ ဦးသေဆုံး ထားပြန်သလို နောက်ထပ် ပြည်သူ ၉ ဦးက ဒဏ်ရာတွေ ရထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
