27.8 C
Yangon

ရေတာရှည်မြို့နယ်၊ ရေလွှဲရွာဘက်သို့ လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေလွှဲရွာဘက်သို့ လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၂ – ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် နံနက် ၉ နာရီခန့်တွင် ရေလွှဲကျေးရွာ တောင်ဘက်ရှိ သစ်သား တံတားပေါ် တက်လာသော အကြမ်းဖက် စစ်ကောင်စီ အင်အား ၃၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲသည် မိနစ်ပိုင်းမျှ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားအပြီးနောက် ကျွဲရိုင်းပြင်ရွာ တံတားမှ လူနာတင်ကား ၁ စီးသည် ရေလွှဲ ကျေးရွာသို့ ၀င်ရောက်လာပြီး စစ်သား အလောင်းနှင့် ဒဏ်ရာရရှိသူများကို တင်ဆောင်ကာ ထုံးဘိုကြီးရွာဘက်ကို ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၂ – ပုဝါနီစစ်ကြောင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article