29.7 C
Yangon

ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဗုံးကျဲမှု စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်ပြီး စစ်မီးပြန်လောင် ကျွမ်းမည့် အန္တရာယ် မြှင့်တင်ဟု ကိုးကန့် MNDAA က သတိပေးကြေညာ

Must read

🟥 ကွတ်ခိုင်တွင် အရပ်သား ၇ ဦးသေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူများတွင် တရုတ်နိုင်ငံသား ၁ ဦးပါဝင်

ရန်ကုန်၊ ဇူလိုင် ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ ဗုံးကျဲချမှု သည် ခက်ခဲစွာရရှိထားသော စစ်ပြေငြိမ်းရေး သဘော တူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်ပြီး စစ်မီးပြန်လောင်ကျွမ်းရန် အန္တရာယ် မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း ကိုးကန့် MNDAA က The Kokang မှတစ်ဆင့် တရားဝင် ထုတ်ပြန် ကြေညာသတိပေးသည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၀၀ နာရီ ၅၃ မိနစ်အချိန် စစ်တပ်က ကွတ်ခိုင်ခရိုင်ရှိ စစ်ရေးပစ်မှတ်မဟုတ်သောလူနေရပ်ကွက်တစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် အသက် ၂၀ အရွယ် တရုတ်နိုင်ငံသား တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ်အစောပိုင်းက တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်တော် (MNDAA) နှင့် မြန်မာ စစ်အာဏာရှင်အဖွဲ့ (SAC) တို့သည် တရုတ်ဘက်မှ တိုက်တွန်းမှုဖြင့် ကူမင်းမြို့တွင် အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် စစ်ပြေငြိမ်းရေး သဘောတူညီချက်(ဟိုင်ဂင်းဘဘောတူစာချုပ်)ရရှိခဲ့ကြကြောင်း၊ ထို့ကြောင့် အထူးဒေသ ၁ တွင် စစ်ရပ်စဲခြင်းကို ရရှိခဲ့ကြောင်း၊ သို့သော်လည်း မြန်မာစစ်အာဏာသိမ်း တပ်ဖွဲ့များက မကြာသေးမီက ညအချိန်တွင် စစ်ပြီးကာလ ပြန်လည်တည်ဆောက်ရေးကို တက်ကြွစွာ ဆောင်ရွက်နေသည့် ကွတ်ခိုင်မြို့ပြကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပင်ကိုယ်အရ ခက်ခဲစွာရရှိထားသော “စစ်ပြေငြိမ်းရေး” သည် စစ်မက်၏ အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့ပြီဖြစ်ကြောင်း MNDAA က ထုတ်ပြန်ကြေညာသည်။

အာဏာသိမ်း စစ်အုပ်စု၏ ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်မှုသည် MNDAA နှင့် ခက်ခဲစွာပြုလုပ်ရရှိထားသည့် စစ်ပြေ ငြိမ်းရေး သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်စလုံးမှ ရရှိထားသည့် စစ်ပြေငြိမ်းရေးဆိုင်ရာ ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့ကာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက် ရိုက် မြှင့်တင်လိုက်ခြင်းပင် ဖြစ်ကြောင်း MNDAA က သတိပေးသည်။

ကွတ်ခိုင်မြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေရပ်ကွက်ပေါ် လေကြောင်းမှ တိုက်ခိုက်သည့် ဤလုပ်ရပ်သည် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ အမြောက်အမြား သေကြေဒဏ်ရာရစေခြင်း၊ စီးပွားရေးဆုံးရှုံးမှုများ ဖြစ်စေခဲ့သည့်အပြင် မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေကြသည့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပါဝင်ပတ်သက်သူများကိုလည်း လျစ်လျူရှုရုံသာမက ရှုတ်ချခြင်းပင်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် MNDAA ဘက်မှ ကိစ္စရပ် ပိုမိုမဆိုးရွားလာစေရန် ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားပြီး တင်းတင်းမာမာရှိမနေဘဲ ထိန်းချုပ်မှုဖြင့် တုံ့ပြန်လျက်ရှိကြောင်း MNDAA ကြေညာထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article