24.4 C
Yangon

ချွန်ပူလီမြို့ရှိ ကြက်သား စက်ရုံမှ မြန်မာ အလုပ်သမားများကို စမတ်ကြေးဟု ဆိုကာ တစ်ဦးလျှင် ဘတ် ၂၀၀၀၀ အထိ တောင်းခံ

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့ရှိ Thai Poultry Grou ကြက်သားစက်ရုံတွင် မြန်မာအလုပ်သမား ၁၀၀၀ ကျော်ခန့်ကို စမတ်ကြေးဟုဆိုကာ ဘတ် ၂၀၀၀၀ အထိ မတရားတောင်းခံခဲ့ကြောင်း အလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ မတရားတောင်းခံမှုများ အတွက် အလုပ်သမားများက မပေးလို၍ တိုင်ကြားမှုများ လုပ်ဆောင်လို သော်လည်း အလုပ်ဖြုတ်ခံရမည်ကို စိုးရိမ်ခြင်း၊ ပေးသွင်းထားသည့် ငွေကြေးများ ဆုံးရှုံးမည်ကို စိုးရိမ်ခြင်းတို့ကြောင့် မတရားလုပ်ခံနေရသည်ကို သိရှိသော်လည်း မတောင်းဆိုရဲကြကြောင်း သိရသည်။

“တခြား စက်ရုံတွေက စမတ်ကြေးဘာညာက ၇၅၀၀ လောက်ပဲ ပေးရတာဗျ။ အခုဆို ဘတ်ဖိုးနဲ့ စာအုပ်သက်တမ်းတိုးတာက ၂၀၀၀၀ တောင်းတယ်။ သူတို့ မကြိုက်လို့ အလုပ်က ထုတ်ရင်လည်း အဲဒီ ၂၀၀၀၀ ကို ပြန်မပေးဘူး။ စမတ်ကြေးကိုလည်း ၁၉၀၀၀ လောက်အထိ တောင်းတယ် မပေးနိုင်တဲ့လူ မလုပ်နဲ့ဆိုပြီး ပြောတယ်” ဟု အဆိုပါ စက်ရုံမှ အလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်ရုံတွင် စစ်ဆေးရေးများအဖွဲ့က လာရောက် စစ်ဆေးမှုများ လုပ်ဆောင်ပါက စက်ရုံနှင့် နီးစပ်သူများကိုသာ ခေါ်၍ စက်ရုံတွင် အကျိုးခံစားခွင့်ရှိကြောင်း၊ ထမင်းဟင်းက အစ ကျွေးမွေးကြောင်း ပြောဆိုခိုင်းခြင်းများရှိကြောင်း သိရသည်။

“စကားပြန်သည်လည်း မြန်မာပြည်သား တစ်ခုခုဖြစ်လို့ သွားပြောရင် ဆေးရုံဆေးခန်းသွားဖို့ ပြောရင် မသိချင်ယောင် ဆောင်နေတယ်။ သူတို့နဲ့ မဆိုင်သလို အခုဆိုရင် ပကန်စ ခွန်ခတွေတော့ ပိုက်ဆံထုတ်တောင်း တစ်ယောက်ကို ၃၀၀ အထိ ဖြတ်တယ်။ ဒါပေမဲ့ ဘာမှ မသုံးရဘဲ တစ်လကို ၂ ခါ ၃၀၀ ကျော် ပေးနေရတယ်။ တိုင်ရအောင်လည်း ဘယ်မှာ အကူအညီတောင်းလို့ တောင်းရမှန်း မသိဘူးဖြစ်နေတယ်။ သွားပြောလိုက်ရင် ကျွန်တော်တို့ကို ဖြတ်ထားတဲ့ ဘတ် ၂၀၀၀၀ က ပြန်မရတော့ဘူး။ အလုပ်က ထွက်တာနဲ့ အဲဒီဟာကို ပြန်မရဘူး” ဟု စက်ရုံအလုပ်သမားတစ်ဦးက ၎င်းတို့၏ အခက်အခဲကို ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article