28.4 C
Yangon

ပေါက်မြို့နယ်အတွင်း ၂ လကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာ ၁၇ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ၂ လကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာ ၁၇ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ပေါက်မြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်၏ ပခုက္ကူ တပ်မ ၁၀၁ မှ အင်အား ၁၀၀၀ နီးပါး ပါသော ဒုတပ်မမှူး ဦးစီးသည့် စစ်ကြောင်းသည် Y-12 ၊ ဂျက်ဖိုက်တာ ၊ စက်တပ်လေထီးများဖြင့် နေ့စဥ် ဗုံးကျဲ တိုက်ခိုက်ဿ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ၂ လ ကြာသည်အထိ ပေါက်မြို့နယ် အစပ်သာရောက်ရှိသေးပြီး ပေါက်-ပခုက္ကူ ကားလမ်းဘေး တလျောက်ရှိ ကျေးရွာ ၁၇ ရွာမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

စစ်ဘေးရှောင်ပြည်သူများသည် အချိန် ၂ လကြာ တိမ်းရှောင်နေရသည့် အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေပြီး ဆေးဝါးများလည်း ပြတ်လပ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ကျေးရွာ ၁၇ ရွာ အိမ်ထောက်စု ၂၆၀၀ လူဦးရေက ၁၂၀၀၀ လောက်ရှိတယ်။ ဒီနေ့အချိန်အထိ ယာယီ စစ်ဘေးရှောင်နေရပါတယ်။ အချိန် ၂ လကြာတဲ့အထိ မည်သည့် အလှူရှင် အဖွဲ့အစည်းတွေကမှ ကူညီထောက်ပံ့ပေးခြင်း၊ လက်ခံရရှိခြင်း မရှိပါဘူး။ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အခွန်ကောက်ခံရရှိမှုတွေကနေ အတတ်နိုင်ဆုံး ကြိုးစား ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article