မြင်းမူ မြို့နယ် ကျေးရွာအချို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓိက အကြမ်းဖက်မှုဖြစ်သည့် လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ကြ စေရန် ဗုံးခိုကျင်းတူးနည်းအကြံပြုချက်များ၊ လေကြောင်းတိုက်ခိုက်ခံရချိန် အရေးပေါ်နေထိုင်နည်းများ အသိပညာပေး ဟောပြောကာ စပ်တပ်လေထီး (paramotor)နှင့် ဂျိုင်ရိုကော်ပတာ၊ အကြောင်းသိသင့်သိထိုက်သည်များနှင့် ဗုံးခိုကျင်းတူးနည်းအကြံပြုချက် များပါသော လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှုပ်ရှားမှုများကို အရာတော်လူထုသပိတ်နှင့် မြင်းမူမြို့နယ် သပိတ်အင်အားစုတို့မှ ဦးဆောင်၍ ဒေသပြည်သူလူထုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး ကျေးလက်နေပြည်သူများက အများပြားလာရောက်ပူးပေါင်းဝန်းရံခဲ့ကြောင်း သိရှိရသည်။



