25.1 C
Yangon

မုံရွာနှင့်ချောင်းဦးမြို့နယ်ရှိ ချောင်းဆုံ နှင့်ရွှေဓားကျ ရွာတို့ကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နယ်နှင့် ချောင်းဦးမြို့နယ်ရှိ ချောင်းဆုံရွာနှင့် ရွှေဓားကျရွာတို့ကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် မုံရွာမြိုနယ်၊ချောင်းဆုံရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ စက်တပ် လေထီးမှာ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီးဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲလည်းမရှိဘူး။ ဗုံးကျဲချတာက ဗုံး ၂လုံးကျဲချတာ။ ရွာရဲ့ လက်ဖက်ရည်ဆိုင်အနီး အုတ်တံတိုင်း ဘေးကို ဗုံး ၁ လုံး ကျတယ်။ လက်ဖက်ရည်ဆိုင်နားကို ဗုံး ၂ လုံးကျတယ်။ အဲဒီမှာ ကျီးကုန်းရွာကနေ လက်ဖက်ရည်လာသောက်တဲ့ ဧည့်သည်အမျိုး သား ၁ ဦး နေရာတင် ပွဲချင်းပြီး ဗုံးစထိမှန် သေတယ်။ ကျန်တဲအရပ်သား ၆ ဦးလည်း ဒဏ်ရာရတယ်” ဟု ချောင်းဆုံရွာသားတစ်ဦးက အခြေအနေကို ရှင်းပြသည်။

ထို့ပြင် စစ်တပ်ကတော့ ချောင်းဆုံရွာကို စက်တပ် လေထီးဖြင့် ဗုံးကျဲချပြီးနောက် ချောင်းဦးမြို့နယ်အတွင်းရှိ ရွှေဓါးကျရွာကိုလည်း စက်တပ်လေထီးဖြင့် ထပ်မံ ဗုံးကျဲချခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ရွာမှာက လူထိခိုက်တာက ၁ဦး ပါ။ ဒဏ်ရာလည်း သိပ်တော့ မပြင်းထန်ပါဘူး။ချောင်းဆုံရွာမှာက အထိခိုက်အသေ ဆုံးများတယ်” ဟု ချောင်းဦးမြို့နယ် ရွှေဓါးကျရွာသားတစ်ဦးက ပြောဆိုသည်။

ယင်းနောက် စစ်တပ်က မြပုလဲစစ်ကောင်စီတပ် အထိုင်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လာသဖြင့် မုံရွာမြို့နယ်၊ ချောင်ဆုံရွာနှင့် ချောင်းဦးမြို့နယ်၊ ရွှေဓားကျကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင်ရန် ထွက်ပြေး တိမ်းရှောင်ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ ပြည်သူ ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article