30.4 C
Yangon

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် မိုင်းရှင်းနေသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် နတ်ရေကန် ကျေး ရွာကြားတွင် မိုင်းရှင်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၄ မိနစ်က ချောင်းဦးမြို့နယ်၊ ဂွေးပင်တောကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော စစ်တပ်က Light Truck ကား ၁ စီး၊ ခွေးဘီလူးကားတို့ဖြင့် လည်းကောင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန် အထိုင်စခန်းမှ စစ် တပ်က ၆ ဘီး ကားတစ်စီးဖြင့်လည်းကောင်း မိုင်းရှင်းရန် အသီးသီးထွက်ခွာလာပြီး လမ်းပိုင်းတစ်နေရာတွင် တွေ့ဆုံခဲ့ ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံပြီးနောက် စုပေါင်းအင်အားဖြင့် မုံရွာ -မန္တလေးလမ်းမပေါ်ရှိ ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင် များ ထောင်ထား သောမိုင်းများကို ရှင်းလင်းခဲ့ရာ မိုင်း ၁၀ လုံးတွဲ ၃ ပွိုင့် -မိုင်းအလုံး ၃၀ ရှင်း လင်းပြီး ဆက်လက်ထွက်ခွာလာစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက ကျန်ရှိနေသော မိုင်းပွိုင့် ၂ ပွိုင့် – မိုင်းအလုံး ၂၀ ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“နတ်ရေကန်ကထွက်လာတဲ့ကားတွေနဲ့ ဂွေးပင်တောကထွက်လာတဲ့ ကားတွေ တနေရာမှာ ထားခဲ့ ပြီး မိုင်းရှင်းဖို့အတူတူ ခြေ လျင်ထွက်လာကြတာ၊ ရှင်းခံလိုက်ရတာက ၁၀ လုံးတွဲ ၅ ပွိုင့်ထဲက ၃ ပွိုင့် ရှင်းခံလိုက်ရတာ၊ ဆွဲလိုက်ရတာတာ ၂ ပွိုင့်ပဲ ဆွဲလိုက်ရတာ၊ လမ်းပေါ်မှာတင်သေသွားတဲ့ စခ က ၃ ဦး ၊ အဲဒီသေတဲ့သူတွေက ဂွေးပင်တောက ထွက်လာတဲ့သူတွေလို့ သိရတယ်။ နတ်ရေကန်ကတော့ ၁ ဦးကတော့ စခန်းထဲရောက်မှ သေသွားတယ်လို့ ကြားတယ်။ နောက်ဆက်တွဲကတော့ မနေ့က ညပိုင်း ပုံမှန်နေနေကြနေရာတွေထက်ကျော်ပြီးတော့ အင်အားအတော်များများနဲ့ ကင်းပတ်နေတာ တွေ၊ လက်နက်ငယ်တွေ ရမ်းပစ်နေတာရှိတယ်” ဟု မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာ နိုင်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ (လျှပ်စီးတပ်ခွဲ) အနေဖြင့် မုံရွာ -မန္တ လေးလမ်းမပေါ်တွင် စစ်ကောင်စီတပ်သားများ မစိုးမိုးနိုင်ရေး အစွမ်းကုန်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး မည်သည့်‌ တော်လှန်ရေးတပ်ဖွဲ့များနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေ ဖြင့်လည်း စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် လိုအပ်သည့် ခဲယမ်းဖိုးများ ထောက်ပံ့ကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး ။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article