30.4 C
Yangon

ရေတာရှည်မြို့နယ် ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် -၂ စစ်ဆင်ရေးနယ်မြေ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ ဆွာဆည် ရှင်းလင်းဆောင်တွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်‌‌ဌာန၊ ဗျူဟာ(၂၁)၊ အမှတ်(၃၅၀၁)တပ်ရင်း နှင့်အတူ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့ PIO/PIA တပ်ဖွဲ့၊ ACDF ( Asho Chin Defense Force) တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး လက်နက်ငယ် ၆ လက်၊ လက်နက်ငယ်ကျည်များ၊ စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားသော နေရာကို ရှင်းလင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article