စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းတွင် တာဝန်ကျနေသော စစ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင့် ငွေကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကြောင်း Urban Hunter Force – UHF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၈ ရက်နေ့ မုံရွာ-မန္တလေး လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းတွင် တာဝန်ကျနေသော ဒုတပ်ကြပ် ၁ ဦးက သေနတ် ၁ လက်ယူဆောင်လာပြီး UHF (ပြည်သူ့ကာကွယ်ရေး) တပ်ဖွဲ့ထံသို့ အလင်းဝင်ရောက် လာခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသော ဒုတပ်ကြပ် ၁ ဦးက MA-3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ 5.56mm ကျည် ၄၀ တောင့် တို့ကို ယူဆောင်လာသဖြင့် ဆုကြေးငွေ သိန်း ၄၀ ကျပ် ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူကို ရဲဘော်တွေနဲ့အတူ ထားရှိပါတယ်။ စစ်ကောင်စီ လက်အောက်ခံ တပ်သားတွေအနေနဲ့ ရတဲ့နည်းနဲ့ ပြည်သူ့ရင်ခွင်ကို ရုန်းထွက်လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု Urban Hunter Force – UHF မှ တာဝန်ရှိသူကပြောဆိုသည်။
