28.1 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် မင်းအောင်လှိုင်ခန့်ထားတဲ့ ဝန်ကြီးချုပ် ညိုစော ဆိုသူဟာ သူ့ရဲ့ ပထမဆုံး အုပ်ချုပ်ရေး အစည်းအဝေးကို ခေါ်ယူပြီး လူလုံးထွက်ပြလာသလို အဲ့ဒီ့ ဝန်ကြီးချုပ်ဆိုသူ ညိုစောဟာ ယနေ့ အချိန်အထိ အာဏာရှင်ဟောင်း သန်းရွှေ နဲ့ မိသားစုထံဆီကို အဝင်အထွက်ရှိနေတဲ့သူဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ပဲခူးတိုင်းက ရေတာရှည်မြို့နယ်မှာ ဆွာဆည် ရှင်းလင်းဆောင်အတွင်း အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက် ခြေမှုန်းမှုအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၆ ဦးကတော့ အသီးသီး သေကုန်ကြပြီး အဲဒီစစ်သားမသာအလောင်းတွေနဲ့အတူ သေနတ် ၆ လက်ကိုပါ တပါတည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ PDF အမှတ် -၂ စစ်ဆင်ရေးနယ်မြေ အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်လမ်းပိုင်းမှာရှိတဲ့ ကျေးရွာတွေက ပြည်သူပိုင် ပစ္စည်းအများအပြားကို အကြမ်းဖက်စစ်ကာင်စီတပ်နဲ့ DKBA ဘိုဘိအဖွဲ့က ခိုးယူသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article