30.4 C
Yangon

ဗန်းမော်မြို့သို့ စစ်သင်္ဘော ၉ စီး ရောက်ရှိသွားပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးကာ သင်္ဘောပေါ်မှ ပစ္စည်းများကို ချခိုင်းပြီး လုံခြုံရေး အပြည့်ချထား

Must read

ရန်ကုန်၊ ဩဂုတ် ၂

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘော ၉ စီး ရောက်ရှိသွားပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးကာ သင်္ဘောပေါ်မှ ပစ္စည်းများကို ချခိုင်းပြီး လုံခြုံရေး အပြည့်ချထားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ သင်္ဘောအုပ်စုမှ ၉ စီးသည် ဗန်းဗော်မြို့သို့ ရောက်ရှိလာပြီးနောက် စစ်ကောင်စီ တပ်သားများက ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးထားသူများကို အင်္ကျီအပြာများ ဝတ်ဆင်ခိုင်းပြီး သင်္ဘောပေါ်ပစ္စည်းများကို ချခိုင်းကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြားဖြင့် လုံခြုံရေး အပြည့်ချထားကြောင်း သိရှိရသည်။

“ဗန်းမော်ကို စစ်ခွေး သင်္ဘောတွေရောက်လာပြီ သင်္ဘော ၉ စီးပဲရောက်တယ်။ စစ်ခွေးတွေက သင်္ဘောမရောက်မီတည်းက ပြည်သူတွေ ပေါ်တာဆွဲ ဖမ်းဆီးပြီးအင်္ကျီ အပြာတွေ ဝတ်ခိုင်းထား သူတို့ လူမှားပြီး ပစ်မိမှာစိုးလို့တဲ့ မြို့ထဲက ဦးညဏ်ရင် (NY) စတိုးလမ်းဒေါင့်မှာလည်း စစ်ခွေးတွေ အများကြီး စောင့်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်သင်္ဘော အုပ်စုသည် ရွှေကူမြို့ကို ဇူလိုင်လ ၂၈ ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်ပြီး KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့များ၏ အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက်မှုကြောင့် သင်္ဘော ၃ စီး မီးလောင် ပျက်စီးကာ ဗန်းဗော်ဘက်ကို သွားရောက်နိုင်ခြင်းမရှိဘဲ ရွှေကူမြို့ဘက်ကိုသာ အကြိမ်ကြိမ် ပြန်လည် ဆုတ်ခွာခဲ့ရပြီးမှ ဗန်းမော်မြို့ကို ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း သင်္ဘော အုပ်စုသည် ဇူလိုင်လပိုင်းက မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်ခွာလာခဲ့စဉ်ကလည်း သပိတ်ကျင်းမြို့နယ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များ ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ခြင်းကြောင့် စစ်သင်္ဘော ၁ စီး ပျက်စီး မီးလောင်ကာ ၁ စီးမှာ နစ်မြုပ်ခဲ့ပြီး သင်္ဘော ၂ စီးမှာလည်း ဆက်လက်မောင်းနှင်နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article