28 C
Yangon

ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့သော ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဆေးရုံကို စစ်တပ်က ဗုံးကျဲမှု မှတ်တမ်းများကို နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ ပေးပို့မည်

Must read

ရန်ကုန်၊ ဩဂုတ် ၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဆေးရုံကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့သော မှတ်တမ်းများကို နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကန့်ဘလူမြို့နယ်တွင် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော မြို့နယ် ပြည်သူ့ကျန်းမာရေးဆေးရုံ Charging ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ်တိတိ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဆေးရုံ တက်ရောက် ကုသနေသော ကလေးငယ် ၁ ဦး အပါအဝင် စုစုပေါင်းပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး အပြင်းထန် ထိခိုက်ဒဏ်ရာရသူ ၃ ဦး ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ရေး ပစ်မှတ်မဟုတ်သော အရပ်ဘက် ပစ်မှတ်များကို ကြိမ်ဖန်များစွာ တိုက်ခိုက်လျက်ရှိပြီး အဆိုပါတိုက်ခိုက်မှုများသည် Geneva Conventions ပါ စည်းမျဉ်း စည်းကမ်းများအပြင် Hague Conventions သဘောတူညီချက်များနှင့် International Humanitarian Law (IHL) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သော်လည်း နိုင်ငံတကာအသိုင်းဝိုင်းအနေဖြင့် ယနေ့အချိန် အထိ ထိရောက်သော အရေးယူဆောင်ရွက်ခြင်းများ မရှိသည်ကို ဝမ်းနည်စွာ တွေ့ရှိရကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ သူရဲဘောကြောင်သော အဆိုပါ လုပ်ရက်များကို ကန့်ဘလူမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အတိအကျ မှတ်တမ်းတင်ထားပြီး နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တရားစီရင်ရေးဝန်ကြီးဌာနသို့လည်း အမှုတွဲဖိုင်တည်ဆောက် ၍ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက်နှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော ပြည်သူလူထုအားလုံးနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲပါကြောင်းနှင့် အကြမ်း ဖက်စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article