28 C
Yangon

ညောင်ဦးတွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူများကို ဖမ်းဆီးသွားနေသဖြင့် ထောင်သောင်းချီသော လူထုက ထွက် ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၃

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး ပြည်သူများကို ဖမ်းဆီးနေသဖြင့် ရွာပေါင်း ၁၇ ခုမှ သောင်းနှင့်ချီသော လူထုမှာ ထွက်ပြေးနေရကြောင်း Black Eagle PDF -Bagan မှ ရဲဘော် ဇီးသီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ဂန့်ဂါရွာမှ ထွက်လာသော အင်အား ၁၀၀​ ကျော်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ညောင်ဦးမြို့နယ် ၊ ကြအိုကျေးရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များမှ ပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွားကြောင်း ၊ ယင်းစစ်ကြောင်းက တောင်ဇင်းရဲစခန်းကို သွားရောက်စဉ် ကန်ကြီးကုန်ရွာမှ ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ညောင်ဦးမြို့နယ်၊ ရွာသာ​ရွာ ၊​ညောင်လှရွာ ၊ စကရွာ ၊မြေသန့်တောင်ရွာ၊ ကြအိုရွာ ၊ ဥယျာဥ်ရွာ၊ မီးလောင်ဖျားရွာ ၊ရွာသစ်ရွာ ၊ကျောက်ပြင်ကန်ရွာ၊ဂျိုကန်ရွာ၊ကျောက်ကန်ရွာ ၊တောရွာ၊ ကန်နီပေါက်ရွာ၊ သန့်ရှင်းကန်ရွာ၊ ကန်ကြီးကုန်ရွာ၊ အနောက်အုံရွာနှင့် ချောင်းရှည်ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ကန်ကြီးကုန်ရွာက ပြည်သူ ၃ ဦးကို ဖမ်းဆီးပြီး ချောင်းရှည်ရွာကို ဝင်တယ် အဲကနေမှ တောင်ဇင်းရဲစခန်းထဲ ဝင်ရောက်သွားတာကန်ကြီးကုန်က ပြည်သူတွေ ဖမ်းသွားတာပဲ သိရသေးတယ်။ စစ်ခွေးတွေ ဖမ်းဆီးသွားတာတော့ ဩဂုတ်လ ၂ ရက်နေ့က ဖမ်းဆီးသွားတာပါ။ ဖမ်းဆီးသွားတဲ့ သူတွေကို ပြန်တော့ မလွှတ်ပေးသေးဘူး။ ဖမ်းဆီးခံရတဲ့ သူတွေက အမျိုးသားတွေပဲ တိမ်းရှောင်နေရတဲ့ ပြည်သူတွေကတော့ သောင်းနဲ့ချီ ရှိတယ်။ တချို့ရွာက ပြည်သူတွေကတော့ ပြန်ဝင်သွားပေမယ့် ဆက်လက်တိမ်းရှောင်နေရတဲ့သူတွေလည်းရှိသေးတယ်” ဟု Black Eagle PDF -Bagan မှ ရဲဘော် ဇီးသီးက ပြောဆိုသည်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်တပ်က မေလဆန်းပိုင်းမှစတင်၍ စစ်ကြောင်းထိုးမှုများ အကြီးအကျယ် လုပ်ဆောင် လာခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article