25.4 C
Yangon

စလင်းမြို့ပေါ်တွင် ခရီးသည်တင်ကားများပေါ် လိုက်ပါလာသော လူငယ် ၁၀ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဩဂုတ် ၃

မကွေးတိုင်း၊ စလင်းမြို့ပေါ်တွင် ခရီးသည်တင်ကားများပေါ် လိုက်ပါလာသော လူငယ် ၁၀ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁ ရက်နေ့တွင် စလင်းမြို့ပေါ်၌ ရန်ကုန်မှ လာသော ရွှေပြည်ဟိန်းကားနှင့် ရွှေပွင့်ဖြူ ကားပေါ်တွင် လိုက်ပါလာသော လူငယ် ၇ ဦး၊ မန္တလေးမှ လာသော စိန်တံခွန် ကားပေါ်တွင် လိုက်ပါလာသော လူငယ် ၁ ဦး ၊ မကွေးဘက်သို့ သွားရောက်မည့် စွယ်တော်ဖူးကားပေါ်တွင် လိုက်ပါလာသော လူငယ် ၂ ဦးတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တားဆီးကာ ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီး သွားပြီးနောက် လူငယ် ၁၀ ဦးကို လက်ရှိချိန်အထိ စလင်းမြို့ ရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းသွားတာက လူငယ်ပိုင်းတွေလို့ပဲ သိရတယ်။ ယောက်ျားလေးတွေချည်းပဲလို့ သိရပါတယ်။ သူတို့ အကုန်လုံးကို အခုထိ စလင်းရဲစခန်းထဲကို ခေါ်သွားတာလောက်ပဲ သိရတယ်။ ကျန်တာ ဘယ်ကို ဆက်ပို့တယ်ဆိုတာတော့ မသိရသေဘူး​” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article