27.4 C
Yangon

မင်းလှမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲ ဖမ်းဆီးပြီး နေအိမ်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဩဂုတ် ၃

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲ ဖမ်းဆီးပြီး နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်ရွာ ကားလမ်းဘေးတွင် အိမ်ဆိုင်ဖွင့်၍ စျေးရောင်းနေသော ကိုကျော်မြစိုးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက PDF ထောက်ပို့ဟု ဆိုကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်နှင့်ဈေးဆိုင်ကို မီးရှို့ဖျက်ဆီးသွားပြီး ဆိုင်အတွင်းရှိ ပစ္စည်း အားလုံး မီးလောင်ပြာကျကာ ကိုကျော်မြစိုးကိုလည်း လက်ရှိချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ အုန်းနှဲချောင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် လှည်းကူးအုပ်စု အုပ်ချုပ်ရေးမှူး အောင်ထွဠ် တို့က ကျေးရွာအတွင်း နေထိုင်သော မဖူးဖူး (ခ) မဖူးပွင့်အောင်ကို PDF ထောက်ပို့ဟု စွပ်စွဲကာ လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ၅ ရက်ကြာသည်အထိ မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက်နေ့တွင် မင်းလှမြို့မ ရဲစခန်းကို ပြန်‌လည်ရောက်ရှိလာပြီး ပုဒ်မ ၅၀ /ည ၊ ၅၂ /က တို့ ဖြင့် အမှုဖွင့်ထားပြီး လက်ရှိချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးသေးကြောင်း သိရှိရသည်။

“မဖူးပွင့်အောင် အဖေနဲ့ အမေက မြို့မရဲစခန်းကို သွားရောက်ပြီး သမီးဖြစ်သူကို သွားတွေ့တာ တွေ့ခွင့်မပေးဘူး။ အုပ်ကြီး အောင်ထွဠ်က ရွာထဲမှာ စိတ်ထင်သလို ပြည်သူတွေကို PDF ထောက်ပို့ဆိုပြီး ဖမ်းနေတာ စစ်ခွေးခေါ်ပြီးကို ဝင်ဖမ်းနေတာ အခုလည်း ဒီလှည်းကူးကျေးရွာအုပ်စုမှာ PDF တွေရှိတယ် ဖမ်းရအုန်းမယ်လို့ ပြောလို့ လူငယ်တွေရွာထဲမှာ မနေရဲဘူး တိမ်းရှောင်နေရတယ်။ အဲကောင်က ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ကို ဒုက္ခပေးနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – လက်ပံတန်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article