28 C
Yangon

ချင်းမိုင်မြို့ မယ်ဟိုဖရာကျေးရွာရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမား ကိုဆန်းထွေး လုပ်ငန်းခွင်၌ ဓာတ်လိုက် သေဆုံးခဲ့သော်လည်း ကုမ္ပဏီဘက်က ရေနစ်သေဆုံးသည်ဟု လိမ်လည်

Must read

ရန်ကုန်၊ ဩဂုတ် ၄

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မယ်ဟိုဖရာကျေးရွာရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမား ကိုဆန်းထွေး လုပ်ငန်းခွင်၌ ဓာတ်လိုက် သေဆုံးခဲ့သော်လည်း ကုမ္ပဏီဘက်က ရေနစ်သေဆုံးသည်ဟု စစ်ချက် လိမ်လည်ခဲ့၍ နစ်နာသူ မိသားစုဝင်၏ တိုင်ကြားမှုဖြင့် Worker Alliance Group- WAG က လိုက်လံ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း WAG အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကိုဆန်းထွေးက လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် ရေကန်ထဲ၌ ရေစုပ်စက် ကိုင်းရင်း ဓာတ်လိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုဆန်းထွေး၏ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့သားများနှင့် အလုပ်သမားများက သယ်ယူ၍ မယ်တန်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးရုံတွင် တစ်ညထားကာ နောက်နေ့တွင် ချင်းမိုင်ဆေးရုံကြီးသို့ ပို့ကာ ဆေးစစ်ချက်ယူခဲ့ကြောင်း၊ ဆေးစစ်ချိန်တွင် ကုမ္ပဏီက စာရေးမနှင့် အင်ဂျင်နီယာများက စစ်ဆေးချက်ခံယူပြီး ဆေးစာတွင် ရေနစ်သေဆုံးသည်ဟုသာ ထွက်ဆိုထား‌ခြင်း ဖြစ်ကြောင်း သိရသည်။

“အလောင်းကတော့ အခုထိ မသင်္ဂြိုဟ်ရသေးဘူး။ သူဌေးက အလောင်းကို တာဝန်မယူဘူး ။ မြန်မာအဂျင်စီဘက်ကလည်း လက်လွတ်စပပယ်လုပ်တယ်။ MOU အလုပ်သမား ဖြစ်တာကို။ ခုတော့ MoU အလုပ်သမားဖြစ်လို့ ကျွန်တော်တို့က သံရုံးကို အကြောင်းကြားဖို့ ပြောထားတယ်။ စက်ရုံမှာ ဓာတ်လိုက်ဆုံးတာကို ရေနစ်တယ် ဆေးစာထွက်တယ်”ဟု WAG အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကိုဆန်းထွေးသည် မြန်မာနိုင်ငံမှ Htay Service Agent Co ,Ltd နှင့် တရားဝင်စာချုပ်ချုပ်ဆိုပြီး MoU နှင့် အလုပ်လုပ်‌နေသူဖြစ်ပြီး သေဆုံးမှုအတွက် လုပ်ငန်းခွင်တာဝန်ရှိသူများက ဖြစ်စဉ်အတွက် ပကန်ကြေး ၅၀၀၀၀ ဘတ်ပေးမည် ၊ အလောင်းကိုသင်္ဂြိုလ်ရန်အတွက် တာဝန်ယူပေးမည်ဟု ကာယကံရှင်၏ညီဖြစ်သူအားလက်မှတ်ထိုးခိုင်းခဲ့ကြောင်း ၊ အဆိုပါ လုပ်ရပ်ကို ညီ ဖြစ်သူက မကျေနပ်သဖြင့် လက်မှတ်မထိုးပေးဘဲ တရားမျှတမှုရရှိစေရန်အတွက်လာရောက် ကူညီဖြေရှင်းပေးရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အမှုစာကို ပြန်ပြင်ဖို့ လုပ်မယ်။ လျော်ကြးပိုင်းတွေ လိုက်ရမယ်။ ပကန်စခွန်ရှိတယ်ဆို ဘတ် ၈ သိန်း လောက်အထိ ရရမှာ”ဟု WAG အဖွဲ့မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article