25.5 C
Yangon

မြင်းမူမြို့နယ်၊ ဂွေးပင်တောစခန်းမှ ထွက်လာသော စစ်တပ်ကို အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ ဂွေးပင်တောစခန်းမှ ကင်းပုန်းဝပ်ရန် ထွက် လာသော စစ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း -People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ ဂိတ် စခန်းမှ စစ်သား ၅ ဦးသည် မုံရွာ -မန္တလေးလမ်းမကြီးဘေးတနေရာ၌ ကင်းပုန်းဝပ်ရန် ခြေလျင်ထွက် ခွာလာစဉ် ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းအနီးရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အ သင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ကျန်စစ်သား ၄ ဦးမှာ ဆင်နှစ်ကောင် ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

“ကင်းပုန်းဝပ်ဖို့ ခြေလျင်ထွက်လာတာပါ။ တိုက်ခိုက်ခဲ့တဲ့ နေရာက ဂိတ်နဲ့တော့ နည်းနည်းဝေးတယ်၊ လက်နက်တော့မကောက် ခဲ့ရဘူး။ ခွေးဂိတ်နဲ့ ဘုန်းကြီးကျောင်းနဲ့က မီတာ ၂၀၀ လောက်ပဲ ဝေးတာ ဆိုတော့ မကောက်ခဲ့ရဘူး။ ကျနော်တို့တပ်ရင်းကို ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ ထောက်ပံ့ပေးကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်” ဟု မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း -People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်စစ်ဌာန၊ ဗျူဟာအမှတ် ၆၄ ၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ ယာဉ်တန်း များနှင့် တွေ့ပါက ခပ်ဝေးဝေးမှ ရှောင်ရှားကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေပါက ရောက်သည့် နေရာ၌ ရပ်တန့်၍ တိမ်းရှောင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article