30.9 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကော်မရှင်အသစ် ဖွဲ့စည်းပြီး တဲ့နောက် ကေတုမီ မြို့ဟောင်းနှင့် နန်းတော်ရာ၊ ကမ္ဘောဇသာဒီနန်းတော် နှင့် ဟံသာ၀တီမြို့ဟောင်း အပါအဝင် တောင်ငူ၊ ပဲခူးနှင့် ရန်ကုန်မြို့တို့ကို လှည့်လည်ခရီးသွားနေပြီး ရွေးကောက်ပွဲလုပ် မယ့်ရက် ကြေညာဖို့ လောလောဆယ် ဆွေးနွေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ကျေးရွာ/ရပ်ကွက်တစ်ခုကို ၁ လ စစ်မှုထမ်း လူငယ် ၂ ဦးနှုန်းနဲ့ တစ်မြို့နယ် လုံးအတွက် စစ်မှုထမ်း အလုံအလောက် မပေးနိုင်တဲ့ မြို့နယ် စစ် မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို သတိပေး လက်မှတ်ရေးထိုးခိုင်းတဲ့ စနစ်ကို ဗဟိုစစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့က စတင်လာတယ်လို့ ရန်ကုန်တိုင်းအခြေစိုက် မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တစ်ခုနှင့် နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်သား အလောင်း တင်လာတဲ့ ကား ၁ စီးနှင့် ရဲကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၅ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပြ ပြောက်ကျား UG အဖွဲ့ဆီကို လက်နက်ခဲယမ်းတွေပါ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီ တပ်သား ၁၆ ဦးကို တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့်ခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article