25.2 C
Yangon

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခရိုင်၊ ဖုတ်ဖရာမြို့နယ်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄၅ ဦးကို ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၅

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခရိုင်၊ ဖုတ်ဖရာမြို့နယ်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄၅ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ဩဂုတ်လ ၄ ရက်နေ့ ည ၁၁ နာရီအချိန် လမ်းပြ ၂ ဦး ၊ ကား ၄ စီးနှင့်အတူ တင်ဆေင်လာသော တရားမဝင် ရွှေ့ပြောင်း မြန်မာ နိုင်ငံသား ၄၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ တစ်ဦးလျှင် ဘတ် ၅၀၀ ပေး၍ တရား မဝင် ရောက်လာခြင်းဖြစ်ကြောင်း၊ ယာဉ် ၄စီးကို ရပ်တန့် စစ်ဆေးရာမှ တရားမဝင် မြန်မာနိုင်ငံသား ၄၅ ဦးကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၄၅ ဦးတွင် အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၂၂ ဦးဖြစ်ပြီး ၎င်းတို့ထံတွင် တရားဝင် စာရွက်စာတမ်းအထောက်အထားမရှိဘဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို ဖုတ်ဖရမြို့နယ်ရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article