25.5 C
Yangon

ယာယီသမ္မတ မြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာ အခြေအနေကြောင့် စစ်ဆေးရုံတွင် အထူးကြပ်မတ်ကုသနေရဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၅

ယာယီသမ္မတ မြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာ အခြေအနေကြောင့် စစ်ဆေးရုံတွင် အထူးကြပ်မတ်ကုသနေရကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

မြင့်ဆွေသည် ၂၀၂၃ ခုနှစ်မှစတင်၍ လှုပ်ရှားရာတွင် တုံ့နှေးခြင်း၊ အစာအာဟာရစာသုံးနိုင်မှု နည်းပါးလာခြင်း၊ ပါကင်ဆင်အာရုံကြောအားနည်းရောဂါ ခံစားခဲံရကြောင်း၊ ယင်းနောက် ၂၀၂၄ ခုနှစ် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ စစ်ဆေးရုံတွင် ကုသမှုခံယူခဲ့ကြောင်း၊ စစ်တပ်က မြင့်ဆွေကျန်းမာရေးအတွက် အနီးကပ် နေအိမ်တွင် ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။

မြင့်ဆွေသည် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ အမှတ် ၂ စစ်ဆေးရုံတွင် ထပ်မံ ဆေးကုသမှု ခံယူခဲ့ကြောင်း၊ လက်ရှိတွင် မြင့်ဆွေ၏ အခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရှာဖြစ်၍ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article