31.1 C
Yangon

ညောင်လေးပင်ခရိုင်တွင် ကျေးရွာ ၁၀၀ ကျော် ရေနစ်မြုပ်နေပြီး စာသင်ကျောင်း ၅၅ ကျောင်းယာယီ ပိတ်ထားရ

Must read

ရန်ကုန်၊ ဩဂုတ် ၅

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့ တွင် ကျေးရွာ ၁၀၀ ကျော် ရေနစ်မြုပ်နေပြီး စာသင်ကျောင်း ၅၅ ကျောင်းယာယီ ပိတ်ထားရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ ကျောက်ကြီးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၈၀ ခု ရေနစ်မြုပ်ပြီး လယ်စပါးစိုက်ပျိုးသည့် လယ်ဧက ၃၀၀၀၀ ကျော် ရေလွှမ်းမိုးကာ စာသင်ကျောင်း စုစုပေါင်း ၃၇ ကျောင်း ယာယီ ပိတ်ထားရကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေ ရေကြီးရေလျှံမှုကြောင့် (၁) ထိုးဝါးစိုက်ကျေးရွာအုပ်စု၊ (၂)ဟင်္သာဝဲကျေးရွာအုပ်စု၊ (၃)ကျောက်မှော်ဘုရားကြီးကျေးရွာအုပ်စု၊ (၄) ပဒဲကောကျေးရွာအုပ်စု၊ (၅)ဝက်လာတောကျေးရွာအုပ်စု၊ (၆)နရွဲပင်ကျေးရွာအုပ်စု၊ (၇)အောက်ချင်းကုန်း ကျေးရွာအုပ်စု၊ (၈)ပတ္တလားကျေးရွာအုပ်စု၊ (၉)လယ်ဝဲကြီးကျေးရွာအုပ်စု၊ (၁၀)စောမူသဲကျေးရွာအုပ်စု၊ (၁၁)ကျွန်းကြီး ကျေးရွာအုပ်စု၊ (၁၂)ကော်သာစေးကျေးရွာအုပ်စု၊ (၁၃)မိုးခို ကျေးရွာအုပ်စု၊ (၁၄)မဘီကျေးရွာအုပ်စု၊ (၁၅)တောကြောင်ပေါက်ကျေးရွာအုပ်စု၊ (၁၆)လက်ကောက်ဝကျေးရွာအုပ်စု၊ (၁၇)ပေါက်တော ကျေးရွာအုပ်စု၊ (၁၈)ကျွဲတလင်း ကျေးရွာအုပ်စု၊ (၁၉)ကျောင်းကုန်းကျေးရွာအုပ်စု၊ (၂၀)အင်တိုင်းကုန်းကျေးရွာအုပ်စု၊ (၂၁)လိန်ပင်ဝဲကျေးရွာအုပ်စု၊ (၂၂)မမရမ်းကျေးရွာအုပ်စု၊ (၂၃)နတ်သံကွင်းကျေးရွာအုပ်စု၊ (၂၄)ကျောက်ခဲကြီးကျေးရွာအုပ်စု တို့သည် ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း သိရသည်။

၎င်း ကျေးရွာအုပ်စုများတွင် ကျေးရွာပေါင်း ၈၀ ရွာ၊ အိမ်ခြေစုစုပေါင်း ၅၄၉၅ လုံးရှိပြီး လူဦးရေ စုစုပေါင်း ၂၈၁၆၂ ဦး ရှိကြောင်း၊ ထို့ပြင် လယ်စပါးစိုက်ပျိုးသည့် လယ်ဧက ၃၀၀၀၀ ကျော်သည်လည်း ရေလွှမ်းမိုးကာ နစ်မြုပ် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် (၁) လော်မူသော အထက်တန်းကျောင်း၊ (၂) ပိုးလိုးနိုဖိုး မူလတန်းကျောင်း၊ (၃)လယ်ဝဲကြီး မူလတန်းကျောင်း၊ (၄) ညောင်တန်း မူလတန်းကျောင်း၊ (၅) နရွဲပင် မူလတန်းကျောင်း၊ (၆)အင်းနက် မူလတန်းကျောင်း၊ (၇)မတောကုန်း မူလတန်းကျောင်း၊ (၈)ကျွဲတလင်း အလယ်တန်းကျောင်း၊ (၉)ထိုက်ထူ မူလတန်းကျောင်း၊ (၁၀)စောမူသဲ မူလတန်းကျောင်း၊ (၁၁)ကြိမ်တောမြောင် မူလတန်းကျောင်း၊ (၁၂)ပတ္တလား မူလတန်းကျောင်း၊ (၁၃)တောခို မူလတန်းကျောင်း၊ (၁၄)ပေါကတော မူလတန်းကျောင်း၊ (၁၅)ဝက်လာတော အလယ်တန်းကျောင်း၊ (၁၆)ဒါးကုလား မူလတန်းကျောင်း၊ (၁၇)မမရမ်း မူလတန်းကျောင်း၊ (၁၈)ပဲသောင် မူလတန်းကျောင်း၊ (၁၉)လိန်ပင် မူလတန်းကျောင်း၊ (၂၀)အင်တိုင်းကုန်း အလယ်တန်းကျောင်း၊ (၂၁)သောင်ပု မူလတန်းကျောင်း၊ (၂၂)တောကြောင်ပေါက် မူလတန်းကျောင်း၊ (၂၃)မဘီကြီး မူလတန်းကျောင်း၊ (၂၄)ပဒဲကော မူလတန်းကျောင်း၊ (၂၅)ဆွယ်တိန် မူလတန်းကျောင်း၊ (၂၆)ကော်သာစေး မူလတန်းကျောင်း၊ (၂၇)ကျည်းပင်စု မူလတန်းကျောင်း၊ (၂၈)လိန်ပင်ဝဲ မူလတန်းကျောင်း၊ (၂၉)သစ်ဖရောင်းတန်း မူလတန်းကျောင်း၊ (၃၀)အလယ်ကျွန်း မူလတန်းကျောင်း၊ (၃၁)ဟင်္သာဝဲ အလယ်တန်းကျောင်း၊ (၃၂)ကျွန်းကြီး အလယ်တန်းကျောင်း၊ (၃၃)လှေတန်း မူလတန်းကျောင်း၊ (၃၄)ပြည်တော်သာ မူလတန်းကျောင်း၊ (၃၅)ထိုးဝါးစိုက် မူလတန်းကျောင်း၊ (၃၆)အထက်စု မူလတန်းကျောင်း၊ (၃၇)ရွေသောင် မူလတန်းကျောင်းစသည့် ကျောင်းများလည်း ရေကြီးရေလျှံမှုကြောင့် လက်ရှိချိန်ထိ ယာယီပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

အလားတူ မူးမြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ပြီး လက်ရှိအချိန်အထိ ရေလွှမ်းမိုးမှုကြောင့် ကျေးရွာစုစုပေါင်း ၅၇ ရွာ ရေနစ်မြုပ်နေပြီး နေအိမ် ၁၄ လုံး ရေထဲသို့ မျောပါသွားကာ လယ်ဧက ၄၂၅၀ ဧက ရေနစ်မြုပ်ခဲ့ပြီး စာသင်ကျောင်း စုစုပေါင်း ၁၈ ကျောင်း ယာယီပိတ်ထားရကြောင်း သိရှိရသည်။

ရေနစ်မြုပ်သော ကျေးရွာများမှာ (၁)ဝက်တူး၊ (၂)ဝဲကြီးကရင်/ဗမာ၊ (၃)မိတ်ဿလင်၊ (၄)ငထွေစုပ်၊ (၅)ဆေးပုလဲ၊ (၆)ထွနီကုန်း၊ (၇)သပြေကုန်း၊ (၈)သစ်ချဆိပ်၊ (၉)ညောင်ပင်ဆိပ်၊ (၁၀)မြောင်းရိုးကြီး၊ (၁၁)မြွေတွင်း၊ (၁၂)ဆိပ်ခေါင်း၊ (၁၃)ချိုမြောင်၊ (၁၄)ညောင်ပင်သာ၊ (၁၅)ဒိုက်ပုံ၊ (၁၆)နောင်ချို၊ (၁၇)သစ်ခြောက်ပင်၊ (၁၈)ကျောင်းစု၊ (၁၉)စံကုန်း၊ (၂၀)ကျောက်ကြီးပေါက်၊ (၂၁)လေလံကုန်း၊ (၂၂)ရေလဲကရင်၊ (၂၃)ရေလဲဗမာ၊ (၂၄)ငါးဘတ်အိုင်၊ (၂၅)မြပုဂိုး(ဗမာ)၊ (၂၆)မြပုဂိုး(ကရင်)၊ (၂၇)ရွာမကြီး(ကရင်)၊ (၂၈)ရွာမကြီး(ဗမာ)၊ (၂၉)ဝက်တူးအနောက်၊ (၃၀)ရေလဲအနောက်၊ (၃၁)မိဿလင်အနောက်၊ (၃၂)သာယာကုန်း၊ (၃၃)မြောင်းဝလေး၊ (၃၄)သင်္ကန်းပင်၊ (၃၅)တောင်ကြီး၊ (၃၆)ပျဉ်းမပင်၊ (၃၇)ကျီးပင်ပေါက်၊ (၃၈)ဘုရားကုန်း၊ (၃၉)သပြေလဟာ၊ (၄၀)အောက်ရွာလေး၊ (၄၁)ခင်နောက်မြှီး၊ (၄၂)မြနီကွင်း၊ (၄၃)လက်တက်ကြီး(ကရင်)၊ (၄၄)လက်တက်ကြီး(ဗမာ)၊ (၄၅)ပုဇွန်မြောင်၊ (၄၆)နယ်နမိတ်၊ (၄၇)ငပျောတော၊ (၄၈)သင်္ဘောကျွန်း၊ (၄၉)ဇီးကုန်း၊ (၅၀)တဲစု၊ (၅၁)ကညင်ဒဲ၊ (၅၂)ဆေးရုံကုန်း၊ (၅၃)နောင်ဘို၊ (၅၄)လေးအိမ်စု၊ (၅၅)ငါးမြစ်ချင်း၊ (၅၆)ခြောက်အိပ်စု၊ (၅၇)သရက်ကုန်း စသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article