28.1 C
Yangon

ရေဦးမြို့ပေါ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦး အပြင်းထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး အပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၃ မိနစ်ခန့်တွင် ရေဦးမြို့ မြောက်ဘက်ရှိ ဂိတ်၌ စစ်ဆေးရေး ပြုလုပ်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီး အင်အား ၁၀၀ ကျော်ကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး ၃ ကောင် ဦးခေါင်းကို ထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရတယ်လို့ သိရတယ်။ အဲ စစ်ခွေးတွေ အခု ရေးဦးမြို့ပေါ် ဆေးရုံကို တင်ထားရတယ်” ဟု ပြည်သူ့ ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article