27.3 C
Yangon

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို ကြားဖြတ် တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိကာ ကားကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဩဂုတ် ၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ကေင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိကာ ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်၄ ၊ အမှတ် ၁၀ တပ်ရင်းက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၂ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ကနားကျေးရွာမှ ပြင်စည်ကျေးရွာသို့ သွားရောက်သော စစ်ကောင်စီ တပ်သားများ လိုက်လာသည့် ကား ၁ စီးကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ကနား – ပြင်စည် လမ်းပိုင်း တစ်နေရာအရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားပြီး ကားမှာလည်း တိမ်းမှောက်သွားကြောင်း၊ ယင်းကားကို တော်လှန်ရေး ရဲဘော်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထံမှ M-79 ၁ လက် ၊ MA-3 ၃ လက် ၊ 5.56 ကျည် ၂၁၅ တောင့် ၊ ၄၀ မမ ဗုံးသီး ၁ လုံး ၊ လက်ပစ်ဗုံး ၁ လုံး ၊ ကျည်ဘောက် ၅ ဘောက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article