31.5 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်တို့နဲ့ တွေ့ဆုံပြီး တော်လှန်ရေးမှာ မဟာဗျူကျကျ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ ချင်းညီနောင် – CB အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲတွေမှာ စစ်မှုထမ်းတွေကို ရှေ့တန်းကနေတိုက်ခိုက်ခိုင်းပြီး သေဆုံးသွား တဲ့အခါ သေချာစွာ သဂြိုလ်ပေးခြင်းမရှိဘဲ ခွေးသေ ဝက်သေလို စစ်တပ်က အလောင်းတွေကို စွန့်ပစ်ထား တယ်လို့ AA ဆီကို အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား မောင်မောင်ဝင်းက ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။

-ထိုင်းနိုင်ငံ မဲဆောက်မှာ အမြတ် ၁၀ ရာခိုင်နှုန်း အကျိုးအမြတ်ပေးမယ်လို့ဆိုပြီး စတော့ရှယ်ယာ အရောင်းအဝယ်မှာ ရှယ်ယာထည့်ဝင်ခိုင်းကာ ငွေလိမ်လည်တဲ့ မြန်မာ ၃ ဦးကို ဖမ်းမိပြီး သူတို့နဲ့အတူ ထိုင်းဘတ်ငွေ ၄၆ သန်းကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထား ပါတယ်။

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားတဲ့ အလုပ်သမားရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို ပုဒ်မ ၅(၁)(စ)(ဆ) နဲ့ အမှုစွဲဆိုထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article