23.9 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ပြည်တွင်းမှာ အလှည့်ကျ စစ်မှုထမ်းရမယ့် လူငယ်တွေ ရှားပါးနိုင်လာတာကြောင့် မြန်မာတွေ ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ် ကိုင်တာတွေကို စစ်တပ်က ပိတ်ပင်တားဆီးပေးဖို့ ကြံ့ဖွတ်အမတ်ဟောင်း ဘူးလက် လှဆွေက သူ့ရဲ့လူမှုကွန်ရက်ကနေ တစ်ဆင့် တောင်းဆိုလာပါတယ်။

အကြမ်းဖက်စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြဖို့ မွန်တော်လှန်ရေးအင်အားစု ၁၁ ဖွဲ့က ပူးပေါင်းပြီး တောင်းဆိုလိုက်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ရဲ့ ပြောရေးဆို ခွင့်ရှိသူ နိုင်ပီတာက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-အာဏာသိမ်း စစ်ကောင်စီက မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲ မှာ လူသေဆုံးမှုဖြစ်ပွားခဲ့ရင် သေဒဏ်ပေးမယ်လို့ ဥပဒေထုတ်ပြန်တာက အများပြည်သူတွေကို ခြိမ်း ခြောက်မှုဖြစ်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar – IPCM) က ပြောပါတယ်။

ထားဝယ်မြို့ပေါ်က အစ္စလာမ်သုသာန် (အစ္စလာမ့် ဥယျာဥ်တော်)အဟောင်းကို စစ်တပ်က ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ သိမ်းယူလိုက်ပြီး အစိုးရပိုင်မြေဆိုပြီး စာကပ်ကာ အုတ်တံတိုင်းကာရံနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article