30.5 C
Yangon

မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသော ဇော်ဘုန်းဟိန်း မန္တလေးအိုးဘိုထောင်တွင် ပြစ်ဒဏ်ကျခံရမည်ဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၉

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသော ဇော်ဘုန်းဟိန်းကို မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွှေ့မည်ဟု သိရှိထားကြောင်း ဇော်ဘုန်းဟိန်းအရေးလိုက်လံ ပါဝင် ဆောင်ရွက်နေသူ အမျိုးသားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ဩဂုတ်လ ၇ ရက်နေ့ ဇော်ဘုန်းဟိန်းကို တရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ပြီးနောက် ၎င်းကို အိုးဘိုထောင်သို့ ရွှေ့မည်ဟု သိရှိထားကြောင်း၊ ဇော်ဘုန်းဟိန်းကို ထောက်ခံသော အမျိုးသားရေးသမားလာရောက်မည်စိုးရိမ်သဖြင့် အမိန့်ချမှတ်သည့်နေ့က ကြိုတင်အသိပေးခြင်းမရှိဘဲ အမိန့်ချမှတ်ခဲ့ကြောင်း၊ လက်ရှိ တွေ့ခွင့်ရရေးကြိုးစားသောအခါ အိုးဘိုထောင်သို့ ရွှေ့မည်ဟု သိရှိထားကြောင်း ၎င်းက ဆိုသည်။

“အမှု ၄ ခုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၁ နှစ် သီးခြားစီ ချတယ်။ တွေ့ခွင့်ရဖို့ ကြိုးစားနေတာ အိုးဘိုထောင်မှာ ထောင် ဝင်စာသွားတွေ့ခွင့်ရမယ်။ သူအမိန့်ချမယ်ဆိုတာ ကြိုမသိရဘူး” ဟု အမျိုးသားရေးသမားတစ်ဦးက ဆိုသည်။

ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ပြင်ဦးလွင်တွင် နေထိုင်သော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ပြီးနောက် ဇွန်လ ၁၂ ရက်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အပါအဝင် အမှုများစွာဖြင့် ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုသည့်အတွက် ရန် ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် ရဲစခန်းတွင် (ပ)အမှတ် ၃၅၈/၂၀၂၅ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဘသနှင့်စစ်တပ်ထောက်ခံသူ ဒေါ်မိုးမိုးခိုင်က ဇော်ဘုန်းဟိန်းကို အမှုဖွင့်ထားပြီး ယင်းအမှုမှာလည်း အကျဉ်းထောင်တွင်းမှပင် အွန်လိုင်းမှတစ်ဆင့် ဆက်လက် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article