27.7 C
Yangon

ကွတ်ခိုင်တွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ် ၁၆ ဦးကို TNLA က ဖမ်းဆီး​ပြီး တရုတ်အစိုးရထံ လွှဲပေး

Must read

ရန်ကုန်၊ ဩဂုတ် ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်တွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ် ၁၆ ဦးကို TNLA က ဖမ်းဆီး​ပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် TNLA က ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ် ၁၆ ဦးကို TNLA နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်၊ နယ်စပ်ဂိတ်တစ်နေရာမှတစ်ဆင့် တရုတ်အစိုးရထံ လွှဲပြောင်ပေးခဲ့ကြောင်း၊ အဆိုပါ ကျားဖြန့် လုပ်ကိုင်သူများမှာ ကွတ်ခိုင်မြို့နယ်၊ရှောက်ဟော်ကျေးရွာတွင် အခြေချ၍ ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေကြပြီး ကွတ်ခိုင်မြိုနယ်ရဲတပ်ဖွဲမှ သတင်းရရှိပြီးနောက်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

တရုတ်အစိုးရထံသို့ TNLA က လွှဲပြောင်းလိုက်သော ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများဖြစ်ကြသည့် ကျန်းထန်ဟွေး၊ ကျန်းဟောင်း၊ ကျုံးစုံဆူး၊ ကျုံးနီ၊ ကျုံးအောက်ပေါ်၊ ကျူံးချူံပင်း၊ မာဖမ်း၊ ဝမ်းယာန်ကွင်း၊ ဟူးလေ့ရှမ်း၊ ဝိကျောက်ရွံ၊ ရိန်းကျိန်းဖျင့်၊ ဝမ်ရှိန်ယဲ၊ ဟော်လျှင်လီ၊ လျံလျောက်၊ ရှီကျိမ်ရွင်နှင့် လီစေဖျင့် တိုဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၁၀ ရက်နေ့ကလည်းTNLA က နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နမ္မတူမြို့ယ်တိုမှ ဖမ်းဆီးရမိထားသည့် ကျားဖြန့်လုပ် ကိုင်သူ ၁၂ ဦးကိုလည်း တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article