27.7 C
Yangon

ရန်ကုန် လှိုင်သာယာမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ဘုတလင်မြို့သို့ ပို့ဆောင်ခံရသော စစ်မှုထမ်းတပ်သားသစ် ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဩဂုတ် ၉

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ဘုတလင်မြို့သို့ ပို့ဆောင်ခံရသော စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်လာခဲ့ကြောင်း Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့တွင် ဘုတလင်မြို့ပေါ်၌ အထိုင်ချ တပ်စွဲထားသော စစ်မှုထမ်း တပ်သားသစ် ကိုချစ်မိုး လက်နက် ယူဆောင်လာခြင်းမရှိဘဲ ဘုတလင်မြို့နယ်‌ရွေ့လျားစစ်‌ကြောင်း ( Budalin Mobile Team – BMT ) ၊ မုံရွာခရိုင် အမှတ်( ၂ ) တပ်ရင်း ရွာဇော်ကြီးတပ်ခွဲ ( YZG ) ၊ ကျောင်းသားလက်ရုံးတပ်တော် ( SAF )တို့ နှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ကိုချစ်မိုးသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လှိုင်သာယာမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သင်တန်း ၅ လ တက်ရောက်ခဲ့ပြီးနောက် ဘုတလင်မြို့ပေါ်ကို ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက သေနတ် မပါပါဘူး။ ယူဖို့မလွယ်တဲ့ အခြေအနေဖြစ်သွားလို့ပါ။ ၂၀၂၃ ခုနှစ်က ရန်ကုန်မြို့ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရတာလို့ သိရတယ်။ စစ်သင်တန်း ၅ လ တက်ရောက်ပြီးတော့ ဘုတလင်မြို့ပေါ်ကို ရောက်လာတာ” ဟု Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထိုသို့ အချိန်မီ ပြည်သူ့ရင်ခွင် ခိုလှုံ၍ အလင်းဝင်ရောက်လာသော ကိုချစ်မိုးကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး စစ်ရာဇဝတ် အမှုများဖြင့် ပတ်သက်မှုမရှိသဖြင့် ၎င်း ဆန္ဒအတိုင်း လုပ်ဆောင်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ စစ်သားများ အနေဖြင့် စိတ်လုံခြုံမှုအပြည့်အဝ နှင့် လူသားပီသစွာဆက်လက်ရှင်သန်ခွင့်ရရှိရေး တော်လှန်ရေး တပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ အချိန်မီ အလင်းဝင်ကြဖို့ Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article