27.7 C
Yangon

ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းရွာကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

ရန်ကုန်၊ ဩဂုတ် ၉

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းရွာကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း ကျောက်ဆည် တပ်ရင်း ၂ တပ်ခွဲ ၅ TigerBrother Myittha PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ငါးဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျောက်ဆည် တပ်ရင်း ၂ တပ်ခွဲ ၅ မှ ရွာအတွင်း လမ်းပိုင်းများတွင် တပြိုင်တည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကို တော်လှန်ရေး ရဲဘော်များ ယာယီအထိုင်ချထားသော နေရာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“ငါးဇွန်မြို့နယ် သန့်ဇင်ကုန်းကျေးရွာကို စစ်ခွေးတွေက စစ်ကြောင်း ၃ ကြောင်းနဲ့ အဝင်ကို ကျနော်တို့က စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အကောင်ရေ ၅၀ ကျော် အသေအပျောက်ရှိပါတယ်။ စစ်ခွေးတွေက ကျနော်တို့ ရဲဘော် ၃၀ လောက်နဲ့ ယာယီဝင်ထိုင်နေတဲ့ နေရာကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ကျောက်ဆည် တပ်ရင်း ၂ တပ်ခွဲ ၅ TigerBrother Myittha PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article