26.3 C
Yangon

လောင်းလုံးတွင် ခလရ ၁၀၄ မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ တောင်သာတွင်လည်း ခမရ ၁၄ မှ စစ်သား ၁ ဦးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ခလရ ၁၀၄ မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။

‎‌ဩဂုတ်လ ၉ ရက်နေ့တွင် လောင်းလုံးမြို့နယ် ခလရ ၁၀၄ တပ်ရင်း ပွိုင့် ၁၅၀၀ တပ်စခန်းမှ တပ်သား မင်းထက်နိုင် သည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ ထံသို့ လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသော တပ်သား မင်းထက်နိုင်သည် MA-1 သေနတ် ၁ လက်၊ ကျည်‌ဆံ ၃၀ တောင့် ၊ ကျည်ဘောင် ၁ ခု တို့ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင်လည်း ခမရ-၁၄ တပ်ရင်းမှ စစ်သား ရဲနိုင်ထွန်းကို အရှင်ဖမ်းမိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် ခမရ ၁၄ တပ်ရင်းမှ တပ်သား ရဲနိုင်ထွန်း ကို တောင်သာမြို့နယ် ပကဖ ရဲဘော်များက တောင်သာမြို့နယ် လမ်းပိုင်း တနေရာတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိသော တပ်သား ရဲနိုင်ထွန်းကို မည်သို့ အရေးယူဆောင်ရွက်ထားကြောင်း ရန်ကုန်ခေတ်သစ် မီဒီယာက ဆက်သွယ်မေးမြန်းထားသော်လည်း တောင်သာမြို့နယ် ပကဖ က ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article