အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို (ဗေးဧရိယာ)ရှိ ဘာကလေမြို့ မြို့တော်ခမ်းမရှေ့တွင် ရှစ်လေးလုံး အရေးတော်ပုံကြီး ၃၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် Burma Day အလံတင်ပွဲကို ဩဂုတ်လ ၉ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားကို ၈၈၈၈ မျိုးဆက်များ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ ကျောင်းသားအင်အားစုများနှင့်အတူ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


