ဒီကနေ့ ဩဂုတ် ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
သတင်းကတော့ အလုပ်အကိုင်နိုင်ငံကူးလက်မှတ် PJ တွေအားလုံးကို PV၊ PT၊ PS နိုင်ငံကူးလက်မှတ် အမျိုးအစားကို ပြောင်းလဲလျှောက်ထားခွင့်ကို အကြမ်းဖက်စစ်တပ်က လျှို့ဝှက် အမိန့်နဲ့ လုံး၀ ပိတ်ပင်လိုက် တယ်လို့ သိရပါတယ်။
မြန်မာ့အရေး ဖြေရှင်းရေးမှာ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူးလို့ အာဆီယံက ထုတ်ပြန်ပြီးတဲ့နောက် မြန်မာနိုင်ငံကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုးဟာမက်ဟာဆန် ဦးဆောင်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး ၄ ဦး လာရောက်မယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအတွင်း လစ်လပ်သွားတဲ့ အလုပ်သမားတွေ နေရာမှာ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် အရေးပေါ် အလုပ်သမားသစ်တွေလိုအပ်နေတာကြောင့် လူသစ်ဘတ် ဖွင့်ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
