ဒီကနေ့ ဩဂုတ် ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ်ရဲ့ ကိုယ်စားပြု ယာယီသမ္မတ အမည်ခံ မြင့်ဆွေအလောင်း အသုဘပို့ဖို့ လမ်းကြောင်း ၈ ခု သတ်မှတ်လိုက်ပြီး အရပ်ဘက်လူအင်အား ၉,၈၄၀ ဦးနဲ့ ဇွတ်တရွတ် စည်ကားအောင် ဆောင်ရွက်ဖို့ စစ်တပ်က စီစဉ်ထားပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အကြားမှာ စစ်ယာဉ်တန်းကိုတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၈ ဦးသေဆုံးခဲ့တယ်လို့ နဂါးဖြူတပ်ရင်းတပ်ခွဲ ၂ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-HIV/AIDS ဝေဒနာရှင်တွေ နေ့စဉ်မပျက်မကွက် ပုံမှန် သုံးစွဲရတဲ့ ART ဆေးကို ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်လာတယ်လို့ ဆေးဝါး နဲ့ ဆရာဝန်အသိုင်း အဝိုင်းဆီက နေစုံစမ်းသိရှိရပါတယ်။
မန္တလေးတိုင်းမှာ TNLA က သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့နယ်ကို စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဗုံးကျဲချခဲ့ တာကြောင့် ကလေး ၂ ဦး၊ ကိုရင်ငယ် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
