27.5 C
Yangon

ထိုင်း-မြန်မာ နယ်စပ် မောတောင်ဒေသကို ရိက္ခာနှင့် ခဲယမ်းများ လာရောက်ပို့ဆောင်သည့် စစ်တပ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၁၀

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာ နယ်စပ် မောတောင်ဒေသကို ရိက္ခာနှင့် ခဲယမ်းများ လာရောက်ပို့ဆောင်သည့် အကြမ်းဖက် စစ်တပ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၉ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ သိမ်းခွန်းကျေးရွာ နှင့် ချောင်းနှစ်ပေါက်ရွာ အကြားတွင် မောတောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လာသော ရိက္ခာနှင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်သည့် စစ်တပ် ယာဉ်တန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၁ နှင့်‌ တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထောက်ပို့ ကား ၂ စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း တိမ်းမှောက် သွားသော ထောက်ပို့ကားပေါ်မှ ပျက်စီးနေသည့် ကာမီကာဇေ အသေခံဒရုန်း ၂ စီး အပါဝင်အဝင် လက်နက်ငယ်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article