ပဲခူးတိုင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံးကာ သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် -၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၈ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးဝင် ရောက်လာသည့် အကြမ်းဖက် စစ်တပ်ကို KNLA တပ်ရင်း ၈ ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၄ ၊ နဂါးနီတပ်ရင်း၊ အမှတ် ၃၅၀၃ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို ထိတွေ့တိုက်ပွဲသည် ၂ နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ၁၂ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ဘက်မှ အထိနာက ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်သားများ ကိုင်ဆောင်သော လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းများ အပါအဝင် စစ်သုံး အဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
