30.7 C
Yangon

တောင်သာတွင် တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာနယ်မြေ ရဲစခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ စစ်သား ၂ ဦး စလုံးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

မန္တလေးတိုင်း ၊ တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာတွင် လက်ဖက်ရည်ထိုင် သော အကြမ်းဖက် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာ နယ်မြေရဲစခန်းမှ ရဲစခန်းမှူးနှင့်အဖွဲ့က PDF အထင်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ စစ်သား ၂ ဦးစလုံးသေဆုံးသွား ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် တောင်သာမြို့နယ်၊ အေးရွာကျေးရွာအနောက် ဘက်ရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးက ဝဲလောင်ကျေးရွာရှိ ရွှေန္တလေးလက်ဖက် ရည်ဆိုင်သို့ လက်နက်များဖြင့်ရောက်ရှိလာပြီး လက်ဖက်ရည် ထိုင်သောက်နေစဉ် ဝဲလောင်ကျေးရွာနယ်မြေ ရဲစခန်းမှ ရဲစခန်းမှူး ရာဇာမင်းဦးဆောင်သော အဖွဲ့က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာ စစ်သား ၂ ဦး စလုံးသေဆုံးသွား ကြောင်း သိရသည်။

“အဲဒီစခ နှစ်ယောက်က ဝဲလောင်ရဲ့အနောက်ဘက် တစ်ရွာကျော်မှာ တရုတ်ဂတ်စ်ပိုက်လိုင်းဆိုတာ ရှိတယ်။ ကျနော်တို့တောင်သာမြို့နယ်မှာ ဂတ်စ်ပိုက်လိုင်းစောင့်နေရာရှိတယ်။ တွင်းရုံပေါ့၊ အဲဒီက နှစ်ယောက်က ဝဲလောင်စခန်းနားမှာရှိတဲ့ လက် ဖက်ရည်ဆိုင်ကို လက်ဖက်ရည်လာသောက်တာ။ လက်နက်တွေလည်းယူလာပြီး အရပ်ဝတ်တွေနဲ့လာသောက်တော့ စခ သတင်းပေးကလည်း PDF တွေရောက်နေတယ် သတင်းပေးလို့ စခန်းမှူးနဲ့အဖွဲ့ အပိုင်ဆိုပြီးသွားပစ်တာ၊ စခနှစ်ယောက်လုံး ခေါင်းတည့်တည့်မှန်ပြီး သေသွားတာ၊ PDF အလောင်းနှစ်လောင်းနဲ့လက်နက်တွေဘာသိမ်းဆည်း ရရှိတယ်ဆိုပြီး လုပ်ပြီးမှ ကိုယ့်အချင်းချင်းချင်းမှန်းသိတာ၊ တရုတ်ပိုက်လိုင်းစောင့် စခတွေ ဆင်း လာပြီး အလောင်းကိုလာသယ်မြေမြှုပ်ပစ်လိုက်တယ်” ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့- ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွားသော စစ်သား ၂ ဦး၏ ရုပ်အလောင်းကို တရုတ်ပိုက် လိုင်း စောင့် စစ်တပ်က လာရောက် သယ်ဆောင်သွားပြီး မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း၊ စစ်တပ် အရာရှိ များက ဝဲလောင်စခန်းမှူး ရာဇာမင်းတို့အကြား ပစ်ခတ်မှုအတွက် ပြဿနာဖြစ်ပွားနေပြီး ပစ်ခတ်သတ်ဖြတ်ခံရသည့် သတင်းကိုလည်း ဖုံးကွယ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- တောင်သာမြို့နယ်ရှိ တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း စက်ရုံကို လုံခြုံရေးယူထားသော အကြမ်းဖက် စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article