ဒီကနေ့ ဩဂုတ် ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့ရဲ့ စစ်အာဏာတည်မြဲရေးကို အတည်ပြုမယ့် ရွေးကောက်ပွဲ မဖြစ်မြောက်ရေးဟာ တစ်မျိုးသားလုံးရဲ့ တာဝန်အဖြစ် ဆန့်ကျင်လုပ်ဆောင် ရမယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကပြောလိုက်ပြီး ၊ အဲဒီ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ ပွတ်တိုက် မှုတွေ ပိုမိုကြီးထွားလလိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။
-မန္တလေးတိုင်း တောင်သာမြို့နယ်မှာ တရုတ်ပိုက်လိုင်းစောင့်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးကို ဝဲလောင်ကျေးရွာ နယ်မြေ ရဲစခန်းမှူးက PDF အထင်နဲ့ သူတို့လူအချိင်းချင်း ပစ်ခတ် ဖမ်းဆီး လိုက်ရာမှာ စစ်သား ၂ ဦးစလုံး သေကုန်ကြပြီလို့ တောင်သာမြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကချင်ပြည်နယ်က ဗန်းမော်မြို့ဘက်ကို ဆန်တက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော အုပ်စုကနေ စစ်တပ်ဘက်က ဒုရဲအုပ် သူရအောင် ဆိုသူနဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ဦး ထွက်ပြေး လွတ် မြောက်လာပြီး တော်လှန်ရေးတပ်တွေက စစ်ဉပဒေနဲ့အညီ ထိန်းသိမ်းထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
